ရင်ခွင်တလင်းမှာ

ပန်းတစ်ပွင့် ပျိုးထားတယ်။
အခက်ဝေေ၀
အရွက်မကြွေအောင် ပြုစုရင်း
ပေါင်းမြက်လည်းရှင်းရသေးတယ်
ကိုယ်ခူးဖို့တော့ မရည်ရွယ်ပါဘူး
ဥယျာဉ်မှူး ပန်းမခူးရဆိုသလို
ပန်းဆင်သူပေါ်လာရင်တော့
ခူးခွင့်ပေးမယ် ရည်စူး
အကြင်နာလောင်းရိပ်မမိအောင်တော့ ဂရုစိုက်ရဦးမယ်။