Thursday, June 14, 2007

လျှပ်တစ်ပြက် အမှတ်တရများ

14.6.2007

ဒီနေ့ မှတ်မှတ်ရရပါဘဲ

ဥရောပရုပ်ရှင်ပွဲတော်သွားကြည့်ပါတယ်

နေပြည်တော်ရုပ်ရှင်ရုံမှာပါ

ပွဲမပြီးခင် မီးပျက်သွားတာကိုစိတ်မရှည်တာရယ်

ရုံထဲမှာအေးလွန်းတာရယ်ကြောင့် မပြီးသေးပေမယ့်

ပြန်မယ်ဆိုပြီးထွက်လာတဲ့အခါ

Security ကပွဲမပြီးမချင်းပြန်လို့ မရဘူး

မကြည့်ချင်လည်း အပြင်မှာပဲထိုင်နေဆိုတာနဲ့ 

အပြင်မှာထိုင်နေရပါတယ်

အဲဒီအချိန်မှာ Manager ထွက်လာပြီး

ပြန်ချင်ရင်ဓာတ်ပုံမှတ်တမ်းအနေနဲ့  အရိုက်ခံပြီး

ကျောင်းသားကဒ် ဒါမှမဟုတ် မှတ်ပုံတင်ပြရမယ်လို့ ပြောတာကြောင့်

ရယ်ရအခက် ငိုရအခက်ဖြစ်ရပါတယ်

ဒါပေမယ့်ပြန်ချင်တာကြောင့် မှတ်တမ်းဓာတ်ပုံအရိုက်ခံခဲ့ရပါတယ်

ခပ်ရွတ်ရွတ် ကျွန်မက peace သင်္ကေတတောင်လုပ်ခဲ့ပါသေးတယ်

တစ်လျှောက်လုံးသူများတွေကိုချည်းပဲ ဓာတ်ပုံရိုက်ခဲ့တဲ့သူ

ဒီတစ်ခါတော့ ၀ဋ်လည်တာထင်ပါရဲ့

သြော်မေ့လို့ ကျွန်မရဲ့ အလုပ်အကိုင်က Reporter ပါ။

No comments: