Sunday, June 10, 2007

ကဗျာများ

အလွမ်း (၁)


ဘာမှမရှိတဲ့ ကွင်းပြင်တစ်ခု

ကန္တာရဆန်ဆန် မြေလွှာပေါ်မှာ

အလွမ်းမျိုးစေ့တွေကိုကြဲပက်

ခွင့်ကော တောင်းခဲ့လို့လား ?

အလွမ်းသစ်ပင်တဲ့

ငါ့မြေလွှာမှာ ခြေကုပ်ယူ

ငါ့အသွေးကို သောက်သုံးပြီး

အသက်ဆက်

ခပ်ဖွဖွ မင်းခြေရာတစ်စုံဘေးမှာပေါ့

ငါလား ?

ဟန်ဆောင်နေတယ်လေ

အင်းလေ …. ဟန်ဆောင်နေခဲ့တာပေါ့

ဘာမှမခံစားရသလိုမျိုး

ဒါပေမယ့်လေ အလွမ်းသစ်ပင်မှာတော့

ပန်းတွေဝေပြီး အသီးတွေတောင် သီးလို့ ..... . .။


အလွမ်း (၂)


အလွမ်းက မိုးခါးတွေနဲ့အတူ သွန်းဖြိုး

ဒါနဲ့နေပါဦး ...

ငါဝိညာဉ်ကို ငါမေးမိတယ်

အခွင့်ရှိတဲ့ အလွမ်းကောဟုတ်ရဲ့လားလို့

သူက ပြုံးပြတယ် ခပ်ယဲ့ယဲ့ပါပဲ

အပြုံးက မပီပြင်တော့ မဲ့သလိုတောင် ထင်ရတယ်

ဒါနဲ့ပဲ ကိုယ့်စိတ်ကိုယ်ဖတ်

အလွမ်းကို အပြီးသတ်မယ်ပေါ့

အတွေးနဲ့ပြန်အကြည့်

အလွမ်းဆိုတဲ့ကောင်

ငါ့ခန္ဓာအိမ်မှာတောင် စိုးမိုးအုပ်ချုပ်

မင်းလုပ်နေပါရော့လား ...။




အလွမ်း (၃)


အစထဲက သိနှင့်တယ်

တစ်နေ့နေ့တော့ နင်နှုတ်ဆက်မယ်လို့

လမ်းမဆုံးခင်တွေ့တဲ့ရွာက

အလွမ်းတဲ့

ဒီဒေသကို ကျော်ဖြတ်ပုံမှန်ခရီးဆက်ဖို့

ငါ့အင်အားက မလုံလောက်သေးဘူး

ဒါတောင် ကြိုတင်ပြင်ဆင်မှုတွေနဲ့လေ

နင်ကတော့ ဘယ်သိမှာလဲ

ငါကိုယ်တိုင်ကလဲ ပေးမသိချင်ခဲ့ဘူး

ငါရဲ့ ကျရှုံးခန်းကိုပေါ့

ဒါမျိုးက ရုပ်ရှင်တွေထဲမှာပဲ

ကြည့်ကောင်းတာမဟုတ်လား

ဇာတ်လိုက်မဟုတ်တဲ့ငါက

ဘာမှလဲမဟုတ်ခဲ့ဘူး

နင့်ကိုတောင် တားခွင့်မရှိတဲ့ သူပေါ့။


နာကျင်စေသော…..


စည်းမကျော်ရသေးဘူးနော်

ချစ်မယ်လို့ ခံစားအတွေးပွားမိတာနဲ့ တောင်

မွန်းကျပ်လာလိုက်တာ

ထိုင်နေရင်အကောင်းသား

ထသွားမှကျိုးမှန်းသိနေမှာလား

လွတ်လပ်ပေါပါးနေတဲ့စိတ်တောင်

ခဲဆွဲထားသလိုလေးလှချည့်

ပေါ့လျော့လွန်းတဲ့ငါ့ကိုယ်ငါလဲကျိန်ဆဲမိပေါ့

ငါဟာအချစ်ကိုမကြိုဆိုသင့်ဘူးဆိုတာ

ငါ့ကိုယ်ငါတော့သေချာနေသားပဲ……

တစ်ခါတစ်လေတော့လဲ

အထီးကျန်ဆန်မှုကခြောက်သွေ့ လွန်းလိုက်တာ

နားလည်ဖော်ကကောစိတ်ချမ်းသာမှုပေးစွမ်းမှာတဲ့လား

ငါ့ကိုငါသင်းသတ်

ဒီထက်အခက်မပွေဖို့ 

သတိတွေအခါခါပေးရင်း…..

ချစ်ခြင်းနဲ့ လမ်းခွဲ

ခပ်လှမ်းလှမ်းကပဲနေတော့မယ်လေ…..။


အပြုံးရဲ့ နောက်ကွယ်


နင့်ရင်ထဲမှာသူ့ အတွက်ခံစားချက်

မတိမ်ကောသေးဘူးနော် !

ဟန်လုပ်ရယ်မော

ခပ်သောသောဟန်ရဲ့ နောက်ကွယ်မှာ

အတွေးနက်နက်တွေမြင်နေရတယ်

စိတ်ရဲ့ တံခါးပေါက်

မျက်ဝန်းတွေကကော

သက်သေခံတွေမဟုတ်ဘူးလား?

နင့်ချစ်သူလောက်နင်မချစ်နိုင်တဲ့ငါဟာ

နင့်ရဲ့ သူငယ်ချင်းနားလည်ဖော်တစ်ယောက်အနေနဲ့ 

စည်းတစ်ဖက်မှာနေအပ်တယ်လို့ 

မထင်မိဘူးလား ?

တစ်ခုခုကိုမေ့ပြစ်ဖို့ 

တစ်ခုအစားထိုးရမယ်ဆိုတာ

နိယာမတစ်ခုဆိုပေမယ့်

ခံစားရသူချင်းအတူတူ

နာကျင်စရာဖြစ်ရပ် ……… နင်ငါ့ကိုပေးရက်လို့ လား ?





စိုးစိတ်


စိတ်ကူးအိမ်မက်တွေကတော့

အတောင်ပံတွေတစ်ဖျတ်ဖျတ်ခတ်

ငါ့ကောင်းကင်မှာလွင့်မျောနေရဲ့ 

ဖမ်းဆုပ်လိုက်ဖို့ ....့ငါမ၀ံ့မရဲ

တုံ့ ဆိုင်းဆိုင်းနဲ့ ပေါ့

ရယူလိုမှုလက်တစ်စုံထဲမှာ

အိမ်မက်တောင်ပံတွေများ ….. ကျိုးကြေသွားမလားလို့ 

ငါတွေးကြောက်နေမိတယ်

မျှော်လင့်ခြင်းကမ်းပါးမှာငါရပ်နေမိတယ်

မရေရာမသေချာမှုတွေကိုယုံစားပြီး

တွေဝေနေရင်းနဲ့ ငါလမ်းပျောက်နေသလိုဘဲ…..

နင်ပေးလာတဲ့အလင်းမျှင်တစ်စဟာ

ငါ့ကိုအမှောင်နက်နက်တွေဆီကိုဖြားယောင်းလို့ 

ဟင့်အင်း …ဒီနေရာကနေရှေ့ မတိုးမိအောင်

ငါ့ကိုသွေးမဆောင်ပါနဲ့ 

နင်မသိနိုင်တဲ့နာကျင်မှုတွေနဲ့ ငါဟာ

သေလုမြောပါးခံစားခဲ့ရပြီးပါပြီ

ဒီနေရာမှာခြေစုံရပ်နင့်ဝင်သက်ထွက်သက်ကို

အတွေးနဲ့ ပဲနမ်းရှိုက်ခွင့်ပြုပါတော့……..



သရုပ်မပီဆောင်းမမည်


ဒီဇင်ဘာဟာ

ဆောင်းမပီသတဲ့ပြယုဂ်တွေနဲ့ 

အေးးမြမှုလည်းသယ်ဆောင်မလာခဲ့ဘူး

ဒီဇင်ဘာမှာပဲပေါ့

နှလုံးသားတစ်ခုရဲ့ ရင်သွေး

ချစ်ခြင်းဟာစုတေ

အလွမ်းခါးတွေသီထားတဲ့ပန်းကုံးတစ်ခုနဲ့ 

ချစ်ခြင်းရဲ့ ဈာပနကို

တခမ်းးတနား ပို့ ဆောင်ခဲ့ဘူးတယ်

အဆုံးစွန်တဲ့နာကျင်မှုတွေ လိမ်းကျံပြီးတဲ့နောက်

ထုံထိုင်းသွားတဲ့နှလုံးသားကို

ဘယ်လိုအရာကမှ

ပြန်လည်နွေးထွေးစေမှာမဟုတ်တော့ပါ…..


1


လကိုဖမ်းသူ


လကိုဖမ်းဖို.ပိုက်ကွန်တစ်ခုကို ငါရက်ခဲ့တယ်။

ကဲ...ဒီနေ.ည ငါအမဲလိုက်ဖို. သွားတော့မယ်။

ပိုက်ကွန်ကို ငါ့ခေါင်းထက်မှ ဖြန်.ကျက်လွှဲရင်း ပြေးသွားတော့မယ်။

ပြီးတော့ အဲဒီအလင်းလုံးကြီးကို ငါအမိအရဖမ်းတော့မယ်။

ဒီတော့မနက်ဖြန်ညကျရင် ကောင်းကင်ကိုကြည့်ကြည့်ပါ။

အဲဒီမှာ လကိုမတွေ.ရရင်သေချာတယ် ငါရှာတဲ့အရာကိုငါတွေ.ခဲ့ပြီ။

နောက်ဆုံးငါ့ပိုက်ကွန်ထဲမှာ လကိုဖမ်းမိပြီပေါ့။

ဒါပေမယ့် ကောင်းကင်မှာ မင်း လကိုတွေ.ခဲ့ရင်တော့..

အဲဒီအောက်နားကိုကြည့်လိုက်

ကောင်းကင်ထဲမှာငါ့ကိုသဲသဲကွဲကွဲ မြင်ရလိမ့်မယ်။

ကြယ်တစ်စင်း ဖမ်းမိထားတဲ့ ငါ့ပိုက်ကွန်ကို လွှဲရမ်းလိုက်လို.လေ။


2






မျှော်လင့်ချက်


မျှော်လင့်ချက်ပြိုကွဲခြင်း၏ အကျိုးဆက်မှာ နှလုံးသားမာကြောခြင်းဖြစ်သည်။

သူသည် နောက်ထပ်နာကျင်မှုမခံစားနိုင်အောင်

လုံလောက်စွာထိခိုက်နာကျင်ခဲ့ရသောကြောင့် ဖြစ်သည်။

သူသည်နောက်ထပ်ဘာမျှခံစားရမည်မဟုတ်ပေ။

မည်သူကမျှ သူ.ကိုနာကျင်အောင် ထပ်မလုပ်နိုင်။

သို.သော်သူသည် သူတပါးကိုနာကျင်အေင်လုပ်နိုင်သည်။

သူ.ဘ၀အဓိပ္ပိါယ်သည် “မည်သူ.ကိုမှမလိုအပ်ခြင်း”ပင်ဖြစ်သည်။

သူ.ကိုမည်သူမျှနာကျင်အောင် လုပ်ရ်ျမရခြင်းကိုဂုဏ်ယူသည်။

သူတို.မှာစိတ်လက်မရွှင်ပြဘဲ အေးဆေးစွာအသက်ရှင်နေထိုင်ကြသည်။

ဖြစ်နိုင်ချေတစ်ခုသည် သူတို.အပေါ်စိတ်ဝင်စားကာ ပက်သက်လာသည့်ပုဂ္ဂိုလ်ကြောင့်

သူ၏စိတ်သည်ပျော့ပျောင်းနုးညံ့လာနိုင်သည်။

ထိုအခါပျက်စီးနေသော မျှော်လင့်ချက်ပြန်လည်ရှင်သန်လာလေသည်။




3












အေးခဲသွားသောနှလုံးသား


ဘယ်အရာကိုမှ လုမယူချင်ဘူး

ယုတ်စွအဆုံး ချစ်တဲ့သူကိုတောင်လုမယူချင်ဘူး

ယှဉ်လာရပြီဆိုကတည်းက....

ကိုယ်ဟာဘယ်ပြိုင်ဘက်ကင်း ဟုတ်ပါတော့မလဲ

သွားပါ… မနေလိုဘူးမဆိုပေမယ့်…..

အဖြေမလိုတဲ့…ပုစ္ဆာအတွက်

ညီမျှခြင်းထိုး ချိန်စက်ကြည့်နေလို့ကောဘာထူးမှာလဲ

အချစ်ဆိုတာ ခွဲတမ်းချ ဝေမျှလို. ရကောင်းလို.လား

အချစ်နဲ.အမုန်းနံရံတဖက်ပဲခြားပေမယ်….

အမုန်းနယ်မြေမှာ ဘွာတေးခတ်

အချစ်ကိုအချိုးချ အတိုးဆပွားပြီး ပြန်ဆပ်မလို.တဲ.လား...

မုန်းရလွန်းလို. မျက်ရည်မြစ်တွေအေးခဲ

အသွေးအသဲထဲက မေတ္တာတောင်

ဥပေက္ခာအရောင်ပြောင်း

ချစ်ခဲ့ဖူးတယ်ဆိုတာတောင်

အိမ်မက်ချောင်းထဲ မျောပါသွားပြီ....




4
Lonely



I’m so lonely



I have nobody for my own














5

အရာရာကိုအလေးအနက်ထား

ခံစားတတ်တဲ့အခါ

တစ်ဖက်သားကမျက်ကွယ်ပြုလာခဲ့ရင်

ခံနိုင်ရည်ဆိုတာ ရှိဖို.ခဲယဉ်းမယ်

လူတွေပြောတဲ့စကား

အသဲနှလုံးကြားကလာမယ်လို.ထင်ရင်

ခပ်ပေါ့ပေါ့စကားအတွက်

ဗျာများရလိမ့်မယ်




6


  • လျှောက်စရာလမ်းတွေကတော့ အများကြီးဘဲ
  • ရွေးချယ်ခွင့်ရှိနေတဲ့အခိုက်မှာ
  • အသင့်တော်ဆုံးနဲ. အဖြစ်ချင်ဆုံးတစ်ခုကို
  • အချိန်မနှောင်းခင်သေချာရွေးချယ်တတ်ဖို.တော့လိုမယ်ထင်တယ်





7





အချစ်ဆိုတာ


လျှပ်စစ်မီးလိုဘဲ

လာစေချင်တဲ့အခါ

လာချင်မှလာလိမ့်မယ်

လာမယ်မမျှော်လင့်ပေမယ့်လည်း

လာတတ်တာမျိုးဘဲ

မီးလာပြီဆိုပြီး

ပျော်နေတဲ့အခိုက်မှာ

ပြန်ပျက်ချင်ပျက်သွားတတ်သေးတယ်

ဒါကြောင့်အချစ်ဆိုတာ

ယုံကြည်စိတ်ချရမှုမရှိတဲ့

လျှပ်စစ်မီးလိုဘဲ

နှစ်သဒါပေမယ့်လျှပ်စစ်မီးဟာက်စရာကောင်းသလို

အချစ်ဟာလည်း

လူတွေအားလုံးအတွက်

နှစ်သက်စရာကောင်းနေဦးမှာဘဲ



8

နားလည်ပေးပါ


ဘယ်သူ.ကိုဘဲဖြစ်ဖြစ်ပေါ.

နားလည်ပေးနိုင်မယ်ဆိုရင် ….

ကိုယ့်ပတ်ဝန်းကျင်က လူတွေနဲ့..

ကိုယ် ကိုယ်တိုင်ပါစိတ်ချမ်းသာမယ်လို. ယုံကြည်တယ်..

3 comments:

soedawarat said...

ဝါဆို

ရော်ရွက်ဝါကြွေ စံမည်းရာထက်
ခေါင်းဦးထင်ဝယ် ဦးခေါင်းချသည့်
ထိုခနမယ် တွေူတောဆင်ချင်
မေ့အကြေင်းမို့ ရင်ဝယ်တမ်းတ
မေ့မရပါ။

soedawarat said...

ဝါဆို

ရော်ရွက်ဝါကြွေ စံမည်းရာထက်
ခေါင်းဦးထင်ဝယ် ဦးခေါင်းချသည့်
ထိုခနမယ် တွေူတောဆင်ချင်
မေ့အကြေင်းမို့ ရင်ဝယ်တမ်းတ
မေ့မရပါ။

Unknown said...

ရေးတာလေးတွေကောင်းပါတယ်