Saturday, June 9, 2007






အချစ်ဆိုတာ

လျှပ်စစ်မီးလိုဘဲ

လာစေချင်တဲ့အခါ

လာချင်မှလာလိမ့်မယ်

လာမယ်မမျှော်လင့်ပေမယ့်လည်း

လာတတ်တာမျိုးဘဲ

မီးလာပြီဆိုပြီး

ပျော်နေတဲ့အခိုက်မှာ

ပြန်ပျက်ချင်ပျက်သွားတတ်သေးတယ်

ဒါကြောင့်အချစ်ဆိုတာ

ယုံကြည်စိတ်ချရမှုမရှိတဲ့

လျှပ်စစ်မီးလိုဘဲ

ဒါပေမယ့်လျှပ်စစ်မီးဟာ

နှစ်သက်စရာကောင်းသလို

အချစ်ဟာလည်း

လူတွေအားလုံးအတွက်

နှစ်သက်စရာကောင်းနေဦးမှာဘဲ

No comments: