Saturday, June 9, 2007

အဆုံးမဲ့ကဗျာ













အေးခဲသွားသောနှလုံးသား

ဘယ်အရာကိုမှ လုမယူချင်ဘူး

ယုတ်စွအဆုံး ချစ်တဲ့သူကိုတောင်လုမယူချင်ဘူး

ယှဉ်လာရပြီဆိုကတည်းက....

ကိုယ်ဟာဘယ်ပြိုင်ဘက်ကင်း ဟုတ်ပါတော့မလဲ

သွားပါ… မနေလိုဘူးမဆိုပေမယ့်…..

အဖြေမလိုတဲ့…ပုစ္ဆာအတွက်

ညီမျှခြင်းထိုး ချိန်စက်ကြည့်နေလို့ကောဘာထူးမှာလဲ

အချစ်ဆိုတာ ခွဲတမ်းချ ဝေမျှလို. ရကောင်းလို.လား

အချစ်နဲ.အမုန်းနံရံတဖက်ပဲခြားပေမယ်….

အမုန်းနယ်မြေမှာ ဘွာတေးခတ်

အချစ်ကိုအချိုးချ အတိုးဆပွားပြီး ပြန်ဆပ်မလို.တဲ.လား...

မုန်းရလွန်းလို. မျက်ရည်မြစ်တွေအေးခဲ

အသွေးအသဲထဲက မေတ္တာတောင်

ဥပေက္ခာအရောင်ပြောင်း

ချစ်ခဲ့ဖူးတယ်ဆိုတာတောင်

အိမ်မက်ချောင်းထဲ မျောပါသွားပြီ....

1 comment:

Unknown said...

wow........
nice...
i like this poem..........
i accept ..........