အလွဲများ
ငယ်ငယ်တုန်းကကြုံခဲ့ဖူးတဲ့ အလွဲတစ်ခုအကြောင်းပြောပြချင်ပါတယ်။
ဝါဆိုကအမြဲ အရာရာနဲ့ အကြောင်းဖြစ်လေ့ရှိပါတယ်။
ဝါဆိုဆယ်တန်းနှစ်လောက်ကပါ။
နယ်မြို့ လေးတစ်မြို့ က အမတွေဆီသွားလည်တုန်းကပါ။
နယ်ဆိုတဲ့အတိုင်းဘယ်နေရာသွားသွားစက်ဘီးနဲ့ မှအဆင်ပြေပါတယ်။
အဲဒီနေ့ က ၀ါဆိုနဲ့ ဝါဆိုအမတစ်ဝမ်းကွဲ ဈေးထဲကိုစက်ဘီးနဲ့ သွားပါတယ်။
ဈေးဝင်ပေါက်ရောက်တဲ့အခါ လူကျပ်တာကြောင့်စက်ဘီးကိုဆင်းတွန်းရပါတယ်။
စက်ဘီးက ၀ါဆိုနင်းလာတာကြောင့် ၀ါဆိုဘဲတွန်းလာပါတယ်။
ဈေးအ၀င်ဝမှာ လမ်းပေါ်ချခင်းပြီးရောင်တဲ့ ဈေးသည်တွေနဲ့ အတူ ၀ယ်သူတွေကြောင့်
လမ်းကျပ်နေပါတယ် အဲဒီအချိန်မှာ ၀ါဆိုတွန်းလာတဲ့ စက်ဘီးရဲ့ခြေနင်းဒလက်ဟာ
ဈေးထိုင်ဝယ်နေတဲ့ ဦးလေးကြီးတစ်ယောက်ရဲ့ တင်ပါးအောက်ကိုဝင်သွားပါတော့တယ်။
ဝါဆိုကလည်း ဒီအဖြစ်ကိုမသိဘဲ စက်ဘီးကိုဆက်တွန်းလိုက်တဲ့အတွက်
ဒလက်ပြားဟာ တင်ပါးအောက်ကနေဆက်လည်သွားပါတယ်။
အဲဒီအခါမှာဈေးဝယ်နေတဲ့
ဦးလေးကြီးရဲ့ အလန့့်တကြားထအော်လိုက်သံကိုကြားလိုက်ရပါတယ်။
ဈေးဝယ်နေတဲ့ သူတွေအားလုံးလဲလန့် သွားပါတယ်။
ဒီတော့မှဝါဆိုလဲ ကိုယ့်လုပ်ရပ်ကိုယ် သတိထားမိပြီး
ရှက်ရှက်နဲ့ သုတ်ခြေတင်ခဲ့ရပါတော့တယ်။
ဝါဆိုအမကတော့ သိပ်တော်ပါတယ် ၀ါဆိုတလွဲလုပ်တာကိုသဘောပေါက်တာနဲ့ 
သူနဲ့ ဝါဆိုဟာ အတူတူလာတာပဲမဟုတ်သလိုလို မသိချင်ယောင်ဆောင်ပြီးမခေါ်ဘဲနေပါတယ်။
Showing posts with label အလွဲများ. Show all posts
Showing posts with label အလွဲများ. Show all posts
Thursday, June 14, 2007
Subscribe to:
Posts (Atom)